hacklink hack forum hacklink film izle hacklink hitbet girişpadisahbet.barเว็บซื้อหวยcasino sitescasino sitesGalabetPadişahbetGalabet Girişgamestopgamestopgamestopmarsbahiscasinos not on gamstopnon gamstop casinosporno izlePadişahbetbetparkspor bahis siteleri 2026Vipparkcasinos not on gamstopcasinos not on gamstopuk casinoscasino sitesuk casinosuk casinosThe Pokiescasino siteuk casinoscasinos not on gamstoponline casinosonline casinoscasinos not on gamstoponline casinosonline casinos canadaonline casinos Deutschlandwettanbieter ohne lugasdeutsche wettanbieter ohne oasiswettanbieter ohne lizenzwettanbieter deutschlandbeste wettanbieter ohne oasisnew online casinobeste wettanbietercasino real moneycasinos onlinecasinos not on gamstopGalabetbest online casinosno kyc casinosno kyc casinosanonymous casinosbitcoin casinosanonymous casinossocial casinosweepstakes casinoscasino onlineonline casinolist of sweepstakes casinossweepstakes casinoscasino onlinelist of sweepstakes casinosbest online casinosbest online casinosonline casinoonline casinocasino sitesonline casinocasino sitescasino sitesonline casinocasino sitesonline casinosjojobetbetpark
Goal Setting ဆိုတာ လူတစ်ယောက်ရဲ့ ဘဝအောင်မြင်မှုအတွက် အခြေခံအကျဆုံး အရာတစ်ခု ဖြစ်ပေမယ့် လူတော်တော်များများက သူတို့ချမှတ်ထားတဲ့ Goals တွေကို Self-limiting Beliefs တွေကြောင့် မရောက်ရှိတတ်ကြပါဘူး။ ဒါမှမဟုတ် ဒီချမှတ်ထားတဲ့ Goals တွေဟာ လက်တွေ့မကျတဲ့ Goals တွေ ဖြစ်နေတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။

Goal တစ်ခုကို ချမှတ်ဖို့အတွက် ကိုယ်စပြီး ထွက်ခွာမယ့်နေရာကို တိတိကျကျ သိရပါမယ်။

Goal ဆိုတာ လက်ရှိနေရာကနေထွက်ခွာပြီး ကျွန်တော်တို့ ဆင်းမယ့်မှတ်တိုင်ဖြစ်ပါတယ်။ မန္တလေးကနေ ရန်ကုန်ကိုသွားဖို့ဆိုရင် ကိုယ်မန္တလေးမှာ ရှိနေကြောင်းသိရပါမယ်။ ဒါမှလမ်းကြောင်းက ရုပ်လုံးပေါ်လာမှာဖြစ်ပါတယ်။ တစ်ကယ်လို့ ကိုယ်ကရောက်ချင်တဲ့နေရာပဲသိပြီး ကိုယ်လက်ရှိရောက်နေတဲ့ နေရာကို မသိဘူးဆိုရင်တော့ လမ်းကြောင်းတစ်ခုလုံး ဝေဝေဝါးဝါးနဲ့ ကိုယ်သွားချင်တဲ့ နေရာရောက်ဖို့ တော်တော်ခက်ခဲတတ်ပါတယ်။

ဝိတ်ကျဖို့အတွက်ချမှတ်တဲ့ Goals တွေဟာ လူတွေအများဆုံး ချမှတ်တဲ့ ပန်းတိုင်ဖြစ်ပြီး 4 ပတ်နဲ့ 6 ပတ် အတွင်းမှာ 10 ပေါင်ကျဖို့ပန်းတိုင်ကလည်း သဘာဝကျကျနဲ့ ရောက်ရှိနိုင်တဲ့ Goal တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် 80% သောသူတွေကတော့ ဒီ Goal ကို ရောက်ရှိဖို့ မအောင်မြင်ကြပါဘူး။

ဘာလို့လည်းဆိုတော့ ဒီလူတွေဟာ သူတို့ရဲ့ ပန်းတိုင်ရောက်ဖို့ လမ်းကြောင်းမှာ စတင်ထွက်ခွာမယ့် စမှတ်ကို ကောင်းကောင်းနားမလည်တဲ့အတွက် ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်က လေ့ကျင့်ခန်းမလုပ်တာ လချီ၊ နှစ်ချီကြာနေတဲ့အပြင် အစားအသောက်စားသုံးတဲ့ပုံစံကလည်း အကျင့်တစ်ခုဖြစ်နေတတ်ပါတယ်။

ဒီလိုအခြေအနေ Motivation တွေ မြင့်တက်နေတဲ့ ပထမအပတ်အတွင်းမှာ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်လုပ်၊ အစားအသောက်ပုံစံတွေ ချက်ချင်းပြောင်းလိုက်တဲ့အခါမှာ သူတို့အတွက် ပထမ အပတ်ဟာ ငရဲကျနေသလို ဖြစ်သွားတတ်ပါတယ်။ လူတော်တော်များများကတော့ ဝိတ်ချဖို့ ပန်းတိုင်ကို ချမှတ်ပြီး ပထမအပတ်ပြီးတာနဲ့ အရင်လို နေထိုင်မှု ပုံစံ ပြန်ဖြစ်သွားတတ်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ လက်ရှိအခြေအနေကို မသိတဲ့အတွက် မဟာဗျူဟာနဲ့ လမ်းကြောင်းမှာ Error တက်သွားတဲ့ အတွက် ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်က ပန်းတိုင်တစ်ခုကို ချမှတ်တဲ့အခါမှာ ကိုယ့်ရဲ့လက်ရှိအခြေအနေကို အရင်သိထားသင့်ပြီး ကိုယ့်အခြေအနနဲ့ ကိုက်ညီပြီး ကိုယ်နဲ့ ကိုယ်ချမှတ်ထားတဲ့ ပန်းတိုင်လမ်းကြောင်းမှာ Cofidence တွေနဲ့ အရှိန်အဟုန်ကို မြင့်တင်ပေးနိုင်မယ့် Mini-goals တွေကို သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။

Goal အမျိုးအစားများ

A-tye Goal
A-type Goal ကတော့ ကျွန်တော်တို့ကိုယ်တိုင် ဘယ်လိုဆွတ်ခူးရမလဲဆိုတာကို သိနေတဲ့ Goal ဖြစ်ပြီး စိန်ခေါ်မှုတွေ မရှိသလောက်နည်းပါတယ်။ ဒါကြောင့် A-type Goals တွေက ကျွန်တော်တို့ဘဝတွေကို ကြီးကြီးမားမား ပြောင်းလဲပေးနိုင်တဲ့ Goals တွေမဟုတ်ပဲ Confort Zone ထဲမှာ ဆက်ရှိနေနိုင်မယ့် Goals တွေ ဖြစ်ပါတယ်။

ဥပမာ စာမေးပွဲ ဖြေတဲ့အခါမှာ သင့်အတွက် စာမေးပွဲအောင်ဖို့က မခက်ခဲပါဘူး။ ဂုဏ်ထူးထွက်စရာ မလိုတဲ့အတွက် စာနည်းနည်းပိုကျက်ပြီး စာမေးပွဲမှာ ကောင်းကောင်းဖြေနိုင်ရင်ကို ရပါပြီ။ ဒီလို စာမေးပွဲ ပြီးသွားတဲ့အခါမှာ အရင်လိုပုံစံ ပြန်ဖြစ်သွားပြီး ကျောင်းမှန်မှန် ပြန်သွားနေရုံပါပဲ။

ဘဝရဲ့ အလည်အလတ်လမ်းကြောင်းမှာ သွားနေဖို့အတွက်တစ်ခုတည်းဆိုရင်တော့ A-type Goals တွေက အဆင်ပြေနေပါသေးတယ်။ ဒါပေမယ့် ဘဝဆိုတာ Confort Zone ထဲမှာနေပြီး အလည်အလတ် လမ်းကြောင်းကနေပဲ သွားနေတာထက်စာရင် စိန်ခေါ်မှုတွေကို ရွေးချယ်ရတာ ပိုပြီးစိတ်လှုပ်ရှားစရာ ကောင်းပါတယ်။

B-type Goal

ဒီလို Goal အမျိုးအစားကတော့ သင်ကိုယ်တိုင် အစီအစဉ်တွေချပြီး ဘယ်တော့မှ မလုပ်ဆောင်တဲ့ Goal အမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့် ဒီ B-type Goal ကို Goal လို့ ခေါ်ရမှာထက် အိပ်မက်လို့ပဲ ပိုသုံးနှုန်းသင့်ပါတယ်။ သင်ကိုယ်တိုင် Online မှာ Lamborghini ကားစီးနေတဲ့သူတွေကို တွေ့တဲ့အခါမှာ သင်လည်း Lamborghini ကားကို စီးချင်လာပါလိမ့်မယ်။ လမ်းသွားရင်း ခြံအကျယ်ကြီးနဲ့ အိမ်လှလှကြီးတွေတွေ့တဲ့အခါမှာ သင်ကိုယ်တိုင် ဒီလိုခြံအကျယ်ကြီးနဲ့ အိမ်လှလှကြီးတွေကို ပိုင်ဆိုင်ချင်ပါ လိမ့်မယ်။

တစ်ကယ်တော့ ကျွန်တော်တို့ရဲ့ မသိစိတ်က ကျွန်တော်တို့ဘဝရဲ့ 95% ကို ထိန်းချုပ်ထားပြီး ဒီလို B-type Goals တွေက ကျွန်တော်တို့ရဲ့ မသိစိတ်ကို မလှုံ့ဆော်နိုင်တဲ့အတွက် မသိစိတ်က ဒီလို Goals တွေအတွက် အလုပ်မလုပ်တာ ဖြစ်ပါတယ်။ 

မသိစိတ်ဆိုတာ ကျွန်တော်တို့ ဘဝအတွေ့အကြုံတွေကနေရရှိထားတဲ့ အချက်အလက်တွေကို အသုံးပြုပြီး ကျွန်တော်တို့ ရည်မှန်းချက် ပန်းတိုင်ကိုရောက်ရှိအောင် စိတ်အားထက်သန်မှုတွေ၊ စွမ်းအင်တွေကို ထုတ်လုပ်ပါတယ်။ တစ်ကယ်လို့ သင်က Millionaire တစ်ယောက်ဖြစ်ချင်တဲ့အခါမှာ သင်ကိုယ်တိုင် အဲ့လောက်ပမာဏရှိတဲ့ ပိုက်ဆံတွေရှာဖူးတဲ့ အတွေ့အကြုံတွေ မရှိတဲ့အတွက် မသိစိတ်ကလည်း လှုံ့ဆော်မှု မဖြစ်ပါဘူး။ ဒီ Goals တွေအပေါ်မှာ ကျွန်တော်တို့မသိစိတ်ရဲ့ ယုံကြည်မှုတွေ ကင်းမဲ့နေတတ်ပါတယ်။

C-type Goal

ကျွန်တော်တို့မသိစိတ်နဲ့ နက်ရှိုင်းတဲ့တစ်နေရာမှာ ကျွန်တော်တို့အမြဲတမ်း လေထဲတိုက်အိမ်ဆောက်ပြီး စိတ်ကူးယဉ်နေတတ်တဲ့ Goal ရှိနေတတ်ပါတယ်။ ဒီ Goal ကို ဆွတ်ခူးနိုင်ဖို့ စိတ်ဆန္ဒတွေ ပြင်းပြနေတတ်ပြီး ကြိုးစားအားထုတ်မှုတွေလည်း အဆက်မပြတ်လုပ်ဆောင်နေတတ်ပါတယ်။ ဒါကတော့ C-type Goal ဖြစ်ပါတယ်။ 

ဒီ C-type Goal အတွက် လိုချင်တဲ့ Results တွေ မရရှိသေးရင်တောင်မှ နေ့တိုင်း အချိန်အများကြီးပေးပြီး သင်ကိုယ်တိုင် ကြိုးစားနေတတ်တဲ့အပြင် သင့်မသိစိတ်ထဲမှာလည်း ဒီ Goal ကို ရောက်ရှိနိုင်မယ်လို့ တစ်ထစ်ချယုံကြည်နေတတ်ပါတယ်။ ဒီ C-type Goals တွေက အောင်မြင်မှုနဲ့ သာမန်ဆိုတဲ့ အဆင့်အတန်းတွေကို ခွဲခြားပေးတဲ့ Goals တွေ ဖြစ်ပါတယ်။

Steve Jobs ဟာ iPhone ကို ဘယ်လိုလုပ်ရမလဲဆိုတာ သိခဲ့တာ မဟုတ်ပေမယ့် Apple ဟာ ကမ္ဘာပေါ်မှာ လွမ်းမိုးမှုအရှိဆုံးကုမ္ပဏီတစ်ခု ဖြစ်လိမ့်မယ်လို့ အမြဲယုံကြည်ခဲ့ပါတယ်။ ဒီအတွက်လည်း ဒီယုံကြည်မှုအတွက် နေ့တိုင်းကြိုးစားအားထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့လည်း ကိုယ်ကိုယ်တိုင် ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ်တဲ့အခါမှာ ကိုယ့်ရဲ့ Goal ကို အရင်စမ်းစစ်သင့်ပြီး ကိုယ်လက်ရှိရောက်နေတဲ့ နေရာကိုလည်း ရှင်းရှင်းလင်းလင်း သိသင့်ပါတယ်။ ဒါမှပဲ ကျွန်တော်တို့ရဲ့ မဟာဗျူဟာနဲ့ လမ်းကြောင်းတစ်ခုလုံး ပြတ်သားနေမှာ ဖြစ်ပါတယ်။

Mind Max
Max Your Mind
mindmax.app