hacklink zlibraryCasibom Giris 2026deneme bonusuPadişahbetVipparkGalabetPadişahbetPadişahbetGalabetRaja567verovapaat kasinotcasino en línea fiableGalabetPadişahbetGalabetVipparkkingroyal

စိတ်နဲ့ ခန္ဓာကို လုံးဝ အကျိုးမပြုတဲ့အရာ တစ်ခု

တစ်ခါတစ်လေမှာ ကျွန်တော်တို့ကြုံဖူးကြပါတယ်။ ဘယ်ကဝင်လာမှန်းမသိတဲ့ Negative အတွေးတွေကြောင့် မသေချာမရေရာတာတွေ၊  ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတာတွေ၊ ငါလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ အပြုသဘောမဆောင်တဲ့ ယုံကြည်ချက်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။

တစ်ကယ်တော့ ဒီအတွေးတွေဆိုတာ ကျွန်တော်တို့ အတိတ်မှာဖြစ်ခဲ့တဲ့၊ လုပ်ဆောင်ခဲ့တဲ့ ကျွန်တော်တို့ အတွေ့အကြုံတွေကနေ ဖြစ်ပေါ်လာတဲ့ မှတ်ဉာဏ်တွေပဲ ဖြစ်ပါတယ်။ ဒါတွေဟာ တစ်ကယ်ဖြစ်နေတာ မဟုတ်ပဲ မှတ်ဉာဏ်သက်သက်တွေဖြစ်တာကြောင့် ဒီအတွေးတွေကနေ ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ကျွန်တော်တို့လက်ရှိ လုပ်ကိုင်နေတဲ့ အရာတွေပေါ်မသက်ရောက်အောင် ဂရုပြုသင့်ပါတယ်။  

တစ်ကယ်လို့ ဒီ Negative အတွေးတွေကို အမှန်တစ်ကယ် ဖြစ်ပျက်နေတာလို့ မသိစိတ်က မှတ်ယူလိုက်ပြီး ကျွန်တော်တို့ကိုယ်တိုင် ဒီအတွေးတွေထဲမှာ မျှောပါသွားရင်း စိတ်နဲ့ခန္ဓာရဲ့ ခေါ်ဆောင်ရာနောက်ကိုလိုက်ပါသွားတဲ့အတွက် ကျွန်တော်တို့ဘဝအတွက် အရေးကြီးတဲ့ အရာတွေ၊ ပန်းတိုင်တွေ၊ မျှော်လင့်ချက်တွေအတွက် အရေးအကြီးဆုံးဖြစ်တဲ့ Productivity တွေလျှော့ကျသွားပါလိိမ့်မယ်။

ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးဟာ ကျွန်တော်တို့ မောင်းနှင်နေတဲ့ ယာဉ်ကြီးဖြစ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ စိတ်ဟာ ယာဉ်ကြီးမပျက်စီးမချင်း စွမ်းအင်ပေးနေမယ့် လောင်စာဖြစ်တယ်။ ဘဝဆိုတာ ကျွန်တော်တို့ပန်းတိုင်ကိုသွားနေတဲ့ လမ်းကြောင်းဖြစ်ပြီး ဒီလမ်းကြောင်းဟာ ကျွန်တော်တို့ မောင်းနှင်နေတဲ့ ယာဉ်ထက်ပိုဦးစားပေးရမယ့် အရာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဒီယာဉ်ကြီးနဲ့ ဒီစွမ်းအင်တွေကိုသုံးပြီး ကျွန်တော်တို့ လိုချင်တဲ့နေရာကို ရောက်အောင်မောင်းနှင်ရမှာဖြစ်ပြီး ဒီယာဉ်ကြီးသူ့ဟာသူ ဦးတည်ချက်မရှိပဲ သွားနေတဲ့နောက်ကို ကျွန်တော်တို့ လိုက်နေရမှာ မဟုတ်ပါဘူး။

ဒီတော့ ကျွန်တော်တို့ရဲ့ တည်ငြိမ်မှု၊ အလုပ်တွင်မှုတွေကို မြင့်တင်နိုင်ဖို့ဆိုရင် ကျွန်တော်တို့စိတ်ကို အနှောက်အယှက်ပေးနေတဲ့ Negative အတွေးတွေကို ထိန်းချုပ်ဖို့လိုအပ်ပါတယ်။ ဒီလို Negative အတွေးတွေကို ထိန်းချုပ်နိုင်ဖို့ Method အနေနဲ့ဆိုရင် သင့်ကိုယ်သင်ပြောတဲ့ စကားတွေက အရေးကြီးပါတယ်။ 

ကျွန်တော်တို့လူသားတွေဟာ ကိုယ်ကိုယ်ကို စကားအပြောဆုံး သတ္တဝါတွေဖြစ်ပြီး ကျွန်တော်တို့ကိုယ်တိုင် ကျွန်တော်တို့ကို ပြောနေတဲ့စကားတွေရဲ့ 90% ဟာ Negative အတွေးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အတွေးတွေကောင်းဖို့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ပြောနေတဲ့စကားတွေ အပြုသဘောဆောင်နေအောင် သတိရှိရှိ ထိန်းချုပ်ရပါမယ်။

Meditation အနေနဲ့ စိတ်ဖိစီးတဲ့အချိန်တိုင်း ပင်ပန်းတဲ့အချိိန်တိုင်းမှာ Autosuggestion ဆိုတဲ့ Relaxation နည်းလမ်းကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ သိစိတ်၊ မသိစိတ်ကို Reprogram ပြန်လုပ် ပါ။

Mindset အနေနဲ့ အဖြူရှိရင် အမည်းရှိသလို ကောင်းကင်ရှိရင် မြေကြီးရှိပါတယ်။ ကောင်းကင်ကနေ မြေပြင်ပေါ်ကိုကြည့်တဲ့ မြင်ကွင်းနဲ့ မြေပြင်ကနေ ကောင်းကင်ကိုကြည့်တဲ့ မြင်ကွင်းမတူညီသလိုပဲ ကိစ္စရပ်တိုင်းမှာ အမြင်အမျိုးမျိုးရှိတဲ့အတွက် ရလဒ်အမျိုးမျိုးရှိနိုင်တယ်ဆိုတဲ့ Mindset ကို လေ့ကျင့်ပါ။

မိတ်ဆွေဆိုရင် Negative အတွေးတွေဝင်လာတဲ့အခါ ဒီအတွေးမှာပဲ မျှောသွားတတ်လား? ဒါမှမဟုတ် ဒီ Negative အတွေကို ဖယ်ဖျောက်ဖို့ ကြိုးစားလား?

MindMax
Max Your Mind
mindmax.app​