hacklink hack forum hacklink film izle hacklink Galabetzlibrarycasinos not on gamstopcasinos not on gamstopnon gamstop casinoscasinos not on gamstopnon gamstop casinogambling sites not on gamstopgamstoponline casinosVipparkRoyal reelsGalabetsuperbetin girişSuperbetin girişRoyal Reelssuperbetin girişsuperbetin girişRoyal reelsVipparkPadişahbetPadişahbetjojobetjojobet

အကောင်းဆုံးကိုရှာဖွေဖို့ မသိစိတ်ကို အသုံးချပါ


လူတစ်ယောက် ဘားဆွဲတဲ့အခါ ၂၄ နာရီအတွင်း ဘယ်နှစ်ကြိမ်ဆွဲနိုင်မယ်ထင်လဲ? ၂၀၁၄ ခုနှစ် ကမ္ဘာပေါ်မှာ ဂင်းနစ်စံချိန်တင်ထားတဲ့ ဘားအဆွဲနိုင်ဆုံး သူဖြစ်တဲ့ David Goggins ကတော့ ၂၄ နာရီအတွင်း ဘားကို ၄၀၃၀ ကြိမ်ဆွဲနိုင်ခဲ့တယ်။
၁၈၈၅ ခုနှစ်တုန်းက ဘုန်းကြီးတစ်ပါး ရက် ၁၀၀၀ မာရတွန်ကို ပြီးမြှောက်အောင် ပြေးနိုင်ခဲ့တယ်။ ဒီရက် ၁၀၀၀ မာရတွန်ကို ပြေးနိုင်ဖို့အတွက် ၇ နှစ်ကြာအောင် တစ်ရက် ၄၀ ကီလိုမီတာကနေ ၈၄ ကီလိုမီတာအထိပြေးပြီး ရက်ပေါင်းရာချီလေ့ကျင့်ခဲ့ရတယ်။
ဒီတော့ ဒီလိုမျိုး လူသားတစ်ယောက်စွမ်းဆောင်နိုင်မယ်လို့ မယုံကြည်ထားတဲ့အရာတွေကို ဒီလူသားတွေက ဘယ်လိုလုပ်နိုင်ခဲ့ကြတာလဲဆိုတော့ သူတို့ဟာ သူ့တို့ကိုယ်တိုင်ရဲ့ အကောင်းဆုံး ပုံစံ (The Best Version) ကို ရှာတွေ့ခဲ့လို့ပဲဖြစ်ပါတယ်။
40% rule အရ လူသားတွေဟာ သူတို့အရမ်းပင်ပန်းနေပြီဆက်မလုပ်နိုင်တော့ဘူးလို့ ထင်တဲ့အခါမျိုးမှာ သူတို့လုပ်နိုင်စွမ်းရဲ့ ၄၀ % ကိုပဲ လုပ်ဆောင်ပြီးကြပြီး လုပ်နိုင်စွမ်း 60% လောက် ကျန်ရှိနေပါသေးတယ်။ သင်ကိုယ်တိုင် ၅ နာရီဆက်တိုက်အလုပ်လုပ်ပြီးအရမ်းပင်ပန်းတဲ့ အချိန်၊ Gym မှာ လေ့ကျင့်ခန်းတွေလုပ်ပြီး အရမ်းမောပန်းနေတဲ့အချိန်တွေနဲ့ သင့်ရည်မှန်းချက်အတွက် နှစ်အတော်ကြာ ကြိုးစားလာခဲ့ပြီး လွတ်ချချင်တဲ့အချိန်တွေမှာ သင်သုံးလိုက်တဲ့ စွမ်းအင်နဲ့ သင့်ရဲ့လုပ်နိုင်စွမ်း ၄၀% ကိုပဲ အသုံးပြုရသေးတာဖြစ်ပြီး သင်အသုံးမပြုရသေးတဲ့ ၆၀% ကျန်နေပါသေးတယ်။
University of Cape Town က အားကစားသိပ္ပံ ပါမောက္ခ Timothy Noakes က အားကစားလုပ်တဲ့ သူတွေကို လေ့ကျင့်ခန်းလုပ်ပြီး သူတို့အရမ်းမောပန်းနေတဲ့အချိန် သူတို့ကြွက်သားတွေကိုလေ့လာတဲ့အခါ လုပ်နိုင်တဲ့ စွမ်းအင် ၆၀% ကျန်ရှိနေသေးတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ တစ်ကယ်တော့ ကျွန်တော်တို့ ပင်ပန်းနေတယ်ဆိုတာဟာ ခန္ဓာကိုယ်ကြောင့် မဟုတ်ပဲ ကျွန်တော်တို့ရဲ့ မသိစိတ်က ခံစားချက်တွေကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။
ဒီတော့ အပေါ်မှာဖော်ပြထားသလို သင့်ပတ်ဝန်းကျင်ကလူတွေ အံ့ဩလောက်အောင် တိုးတက်ဖို့ သင်ကိုယ်တိုင် ချမှတ်ထားတဲ့ ရည်မှန်းချက်တွေကို ရောက်ရှိနိုင်ဖို့ဆိုရင် သင်ဟာ နေ့တိုင်းသင့်ရဲ့ (The Best Version) ဖြစ်နေဖို့လိုအပ်ပါတယ်။ ဒီလိုမျိုး သင့်ရဲ့ The Best Version ဖြစ်နေဖို့ဆိုရင် သင့်မသိစိတ်ကနေ သင်ကိုယ်တိုင်ယုံကြည်ထားတဲ့အရာတွေကို ပြောင်းလဲပစ်ဖို့လိုပါလိမ့်မယ်။ ဒီနေ့ အကောင်းဆုံးဆိုတဲ့သင့်ရဲ့ The Best Version ဟာ မနက်ဖြန်မှာ ရှိနေမယ့် သင့်အတွက် သာမန် Version ဖြစ်နေဖို့ လိုအပ်ပါတယ်။
ဒါကြောင့် သင့်ရဲ့ The Best Version ကို ရှာဖွေနိုင်ဖို့အတွက် သင့်ရဲ့ မသိစိတ်ကို အကောင်းဆုံးအသုံးချပြီး အကောင်းဆုံး အစွမ်းအစတွေကို ထုတ်ယူရပါလိမ့်မယ်။ ဒီလို မသိစိတ်ရဲ့ စွမ်းအားကို ပြုစုပျိုးထောင်ပြီး ယုံကြည်ချက်တွေ၊ အကျင့်တွေနဲ့ အပြုအမူတွေ ပြောင်းလဲဖို့ဆိုရင် Method (နည်းလမ်း)၊ Meditation (အာရုံစူးစိုက်မှု)နဲ့ Mindset (စိတ်သဘောထား) ဆိုတဲ့ အခြေခံအကျဆုံး အရာ ၃ ခုကို အသုံးပြုပြီး လုပ်ဆောင်ရပါလိမ့်မယ်။

MindMax
Max Your Mind
mindmax.app​