hacklink hack forum hacklink film izle hacklink casino sitescasino sitesGalabetPadişahbetGalabet Girişgamestopgamestopgamestopcasinos not on gamstopnon gamstop casinosPadişahbetbetparkspor bahis siteleri 2026Vipparkcasinos not on gamstopcasinos not on gamstopuk casinoscasino sitesuk casinosuk casinosThe Pokiescasino siteuk casinoscasinos not on gamstoponline casinosonline casinoscasinos not on gamstoponline casinosonline casinos canadaonline casinos Deutschlandwettanbieter ohne lugasdeutsche wettanbieter ohne oasiswettanbieter ohne lizenzwettanbieter deutschlandbeste wettanbieter ohne oasisnew online casinobeste wettanbietercasino real moneycasinos onlinecasinos not on gamstopGalabetbest online casinosno kyc casinosno kyc casinosanonymous casinosbitcoin casinosanonymous casinossocial casinosweepstakes casinoscasino onlineonline casinolist of sweepstakes casinossweepstakes casinoscasino onlinelist of sweepstakes casinosbest online casinosbest online casinosonline casinoonline casinocasino sitesonline casinocasino sitescasino sitesonline casinocasino sitesonline casinosGalabetzlibraryjojobetholiganbet

သင်သတိမထားမိတဲ့ အမူအကျင့်များ

ကားတစ်စီးရွေ့လျှားဖို့အတွက် လောင်စာဆီလိုအပ်သလိုပဲ ကျွန်တော်တို့ရဲ့ ဘဝဆိုတဲ့ ယာဉ်ကြီးလိုရာ ပန်းတိုင်ရောက်ဖို့အတွက် စိတ်ဆိုတဲ့ လောင်စာလိုအပ်ပါတယ်။ မသန့်ရှင်းတဲ့ လောင်စာဆီကိုထည့်မိရင် ကျွန်တော်တို့ စီးနေတဲ့ကား ချို့ယွင်းသွားနိုင်သလို ကျွန်တော်တို့ရဲ့ စိတ်ဆိုတဲ့ လောင်စာဆီ အရည်အသွေးမကောင်းရင် ဘဝဆိုတဲ့ ယာဉ်ကြီးလိုရာပန်းတိုင် ရောက်ဖို့ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် ဘဝမှာ အရေးအကြီးဆုံး စိတ်ဆိုတဲ့ လောင်စာအရည်အသွေးကောင်းအောင် အမြဲပြုပြင်ထိန််းသိမ်းနေဖို့လိုအပ်ပါတယ်။
ရာစုနှစ်တွေကြာအောင် ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ စိတ်ကို နှစ်ပိုင်းခွဲထားပြီး Conscious Mind ဆိုတဲ့ သိစိတ်ကို Tip of the Iceberg အဖြစ်ဖော်ပြလေ့ရှိပြီး ကျွန်တော်တို့ဘဝမှာ အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်တဲ့ Subscious Mind ဆိုတဲ့ မသိစိတ်ကို The Hidden Part of the Iceberg အဖြစ် ဖော်ပြလေ့ရှိကြပါတယ်။
Conscious Mind ဆိုတဲ့ သိစိတ်ဟာ အသစ်အသစ်တွေ သင်ယူတာ၊ စဉ်းစားတွေးခေါ်တာ၊ အမှားအမှန်စဉ်းစား ဆုံးဖြတ်တာ၊ အလေ့အကျင့်တစ်ခုကို စတင်ဖန်တီးတဲ့နေရာတွေမှာ အရေးပါပြီး ကျွန်တော်တို့ရဲ့ အလေ့အကျင့်တွေ၊ ပြုမူပြောဆိုပုံတွေ၊ Mindset တွေ အတွက် Subscious Mind ဆိုတဲ့ မသိစိတ်က အရေးကြီးပါတယ်။
ပြန်စဉ်းစားကြည့်မယ်ဆိုရင် ငယ်ငယ်က စက်ဘီးစီးစသင်တဲ့အခါ အစပိုင်းမှာ အရာရာကို ဂရုတစ်စိုက်နဲ့ စဉ်းစဉ်းစားစားလုပ်ရပေမယ့် ကြာလာတဲ့အခါ စက်ဘီးပေါ်ရောက်တာနဲ့ ဘားမှစဉ်းစားစရာမလိုပဲ ခန္ဓာကိုယ်က သူ့အလိုလိုလုပ်စရာရှိတာလုပ်သွားတာကို ကြုံဖူးကြမှာပါ။ ဒီလိုပဲ ဘယ်လိုအသစ်အဆန်းကို စတင်လုပ်ဆောင်ပါစေ အစပိုင်းမှာ ကျွန်တော်တို့ရဲ့ သိစိတ်က လွမ်းမိုးပြီး နောက်ပိုင်းမှာ မသိစိတ်ကလွမ်းမိုးပါတယ်။
ဒီဘက်ခေတ်နောက်ပိုင်းမှာတော့ လူတစ်ယောက်တိုးတက်ဖို့အတွက် မသိစိတ်ဟာ အရမ်းအရေးကြီးကြောင်းရှာဖွေတွေ့ရှိလာတာနဲ့အတူ Personal Development မှာ Subscious Mind ကို ဂုရုတွေတော်တော်များများ အလေးပေးပြောဆိုလာတာတွေကို တွေ့ရမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ မသိစိတ်ဟာ ကျွန်တော်တို့နေ့စဉ်ပြုလုပ်နေတဲ့အလုပ်တွေ၊ အမူအကျင့်တွေနဲ့ စိတ်နေစိတ်ထားတွေ အပေါ်မှာ လွမ်းမိုးမှုအရှိဆုံး အရာဖြစ်နေလို့ပါ။
ကျွန်တော်တို့ ငယ်ငယ်က အလုပ်တစ်ခုလုပ်တာ ဒါမှမဟုတ် သင်တန်းတစ်ခုတက်တာတွေကို ပြီးဆုံးအောင် မလုပ်တဲ့အခါ ဒီလုပ်ဆောင်ချက်တွေဟာ ကျွန်တော်တို့ရဲ့ မသိစိတ်ထဲမှာ လွမ်းမိုးလာပြီး အချိန်ကြာလာတာနဲ့အမျှ အချိန်ဆွဲတာတွေ၊ အလုပ်ကို Deadline နီးမှ လုပ်တာတွေ၊ သင်ယူမှုတစ်ခုခုကို ပြီးမြှောက်အောင် မလုပ်ဆောင်တာတွေက ကျွန်တော်တို့ရဲ့ အမူအကျင့်တွေ ဖြစ်လာပါတယ်။ တစ်ချို့လူတွေက အချိန်အမြဲနောက်ကျတယ်၊ တစ်ချို့သူတွေက အစားကိုကုန်အောင်မစားဘူး၊ တစ်ချို့သူတွေက မိုးလင်းတာနဲ့ ဖုန်းကောက်ကိုင်ပြီး အကျိုးမရှိတာတွေ အရင်လုပ်တယ် ဒါတွေဟာ ကျွန်တော်တို့ရဲ့ မသိစိတ်ကနေလုပ်ဆောင်နေတဲ့ ကျွန်တော်တို့ရဲ့ အမူအကျင့်တွေဖြစ်ပါတယ်။
ဒီလို မသိစိတ်ကနေလွမ်းမိုးပြီးလုပ်ဆောင်နေတဲ့ အမူအကျင့်တွေကပဲ ကျွန်တော်တို့ကို အောင်မြင်အောင်၊ ကျရှုံးအောင် လုပ်နိုင်တဲ့ တရားခံတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ Henry Ford ရဲ့ “If you think you can, or if you think you can’t, you are right” ဆိုတဲ့ စကားတစ်ခွန်းဟာ ကမ္ဘာကျော်ခဲ့ပါတယ်။
ဘဝဆိုတာ B (Born-မွေးဖွားခြင်း) နဲ့ D (Death-သေဆုံးခြင်း) ကြားထဲမှာ ရှိနေပြီး B နဲ့ D ကြားထဲ က C ဆိုတဲ့ Change-ပြောင်းလဲခြင်းဟာ ကျွန်တော်တို့ဘဝကို လမ်းပြပေးမယ့် တစ်ခုတည်းသော အရာဖြစ်ပါတယ်။ "အရှုံးဆိုတာမရှိဘူး။ ရလဒ်တွေပဲရှိတယ်။ လုပ်ရပ်ပြောင်းရင် ရလဒ်ပြောင်းတယ်" ဆိုတဲ့ စကားအရ ဘဝမှာ အကောင်းဆုံးရလဒ်တွေကြုံနိုင်ဖို့ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေ ပြောင်းရပါလိမ့်မယ်။
လုပ်ရပ်ပြောင်းဖို့ဆိုတာ ကျွန်တော်တို့သတိမထားမိပဲ မသိစိတ်ကနေ ပြုမူနေတဲ့ အတွေးအခေါ်၊ အမူအကျင့်တွေကို ပြောင်းလဲဖို့ အဓိက အကျဆုံးအရာဖြစ်ပါတယ်။ ဒါက ငါ့အကျင့်ပဲ၊ ငါမွေးကတည်းဒီအတိုင်းပဲ ဆိုပြီးဆင်ခြေပေးလို့မရပါဘူး။ လူတွေဟာ မွေးတုန်းက အဖြူရောင်အနေအထားနဲ့ မွေးလာပြီး ငယ်ဘဝ ပတ်ဝန်းကျင်၊ အပေါင်းအသင်းနဲ့ ပြုမူနေထိုင်တဲ့ ပုံစံတွေကကြောင့် ဘဝမှာ အရောင်တွေပေါ်လာပြီး ဒီလူကဘယ်လိုလူ ဆိုတဲ့ သတ်မှတ်ချက်တွေ ဖြစ်ပေါ်လာတာပါ။
ဒါကြောင့် ဘဝမှာ အောင်မြင်ဖို့၊ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုရောက်ဖို့နဲ့ ရလဒ်တွေ ပြောင်းဖို့ဆိုရင် ကိုယ်က ဘယ်လိုလူလဲဆိုတာကို သတ်မှတ်ပေးနေတဲ့ မသိစိတ်ကို ပြုစုပျိုးထောင်ရမှာ ဖြစ်တယ်။ သုတေသနတွေအရ ကျွန်တော်တို့ဘဝကို ဘောင်ခတ်ထားတဲ့ မသိစိတ်စွမ်းအားကို အကောင်းဆုံး အသုံးချဖို့ဆိုရင် 
  1. Method (နည်းလမ်း)
  2. Meditation (အာရုံစိုက်မှု) နဲ့
  3. Mindset (စိတ်နေစိတ်ထား) ဆိုတဲ့အခြေခံအကျဆုံးအရာ (၃) ခုနဲ့ လေ့ကျင့်ရပါလိမ့်မယ်။
    သင့်မသိစိတ်ကို အကောင်းဆုံးအသုံးချပြီး အကောင်းဆုံးစွမ်းဆောင်ရည်တွေ ထုတ်လွတ်နိုင်ဖို့နဲ့ သင့်ဘဝမှာ အောင်မြင်မှုတွေရရှိဖို့အတွက် Method (နည်းလမ်း)၊ Meditation (အာရုံစိုက်မှု) နဲ့ Mindset (စိတ်နေစိတ်ထား) ဆိုတဲ့ အရေးအကြီးဆုံး အခြေခံအချက် (၃) ချက်ကို သင်ကိုယ်တိုင်နေ့စဉ် ပြုစုပျိုးထောင်နိုင်ဖို့အတွက် Mind Max ကို စပြီး လေ့လာကြည့်လိုက်ကြရအောင်။

သင်ကိုယ်တိုင် ပြုပြင်ချင်တဲ့ အကျင့်တစ်ခုက ဘာဖြစ်မလဲ?

MindMax
Max Your Mind
mindmax.app​